Wednesday, September 19, 2007

အမေ

(အဝေးရောက်သူငယ်ချင်းများအတွက်)အမေရယ် .... သတိရနေတယ် အဆောင်မှာ ဟင်းကောင်းကောင်းချက်မစားနိုင်ရင်လည်း အမေ့ကိုသတိရတယ်။ အဆောင်မှာ သရဲကြောက်လို့ စာကောင်းကောင်းမဖတ်နိုင်ရင်လည်း အိမ်မှာ သမီးစာကြည့်တိုင်း ဘေးကနေ စာအုပ်တစ်အုပ်ဖတ်ရင်းထိုင်စောင့်ပေးတတ်တဲ့ အမေ့ကို သတိရတယ်။ တစ်ယောက်ထဲ ပျင်းလို့သီချင်းဆိုမိတဲ့အခါလည်း(ရက်ပ်တို့၊ရော့ခ်တို့) သမီးတို့နဲ့အတူလိုက်ဆိုတတ်တဲ့ အမေ့ကို သတိရတယ်။ ဟိုးတုန်းက အမေတို့တွေ့ကြုံခဲ့ရတဲ့ ခေတ်အဆက်ဆက် အတွေ့အကြုံတွေ ကိုလည်း နားထောင်ချင်ပါသေးတယ်။ အခုတော့ အမေတို့အိမ်နဲ့ သမီးနဲ့ဝေးနေရတာကြာပြီ။ အခုဆို အမေအိမ်မှာ ဘာတွေလုပ်နေမလဲ။ သေချာတာတော့ သမီးကို အမေလည်းလွမ်းနေမယ်ဆိုတာပါပဲ။ အဲဒီ ယုံကြည်ချက်နဲ့ သမီး အမေနဲ့ဝေးရာဒေသမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်နေပါတယ်အမေ။