Tuesday, December 31, 2013

ပြီးသွားမှာပါ

ဘဝမှာ...
ချစ်ခွန်းသံချို  ဆို  ခဲ့ဖူးသလို
မျက်ဝန်းစို      ငို   ခဲ့ဖူးမှာပါပဲ ...။

ဘဝမှာ...
မေတ္တာစစ်  တ  ခဲ့ရဖူးသလို
ဟန်ဆောင်ချစ်လည်း   ရ  ခဲ့ဖူးမှာပါပဲ...။

ဘဝမှာ...
အစစ်အမှန်တွေ  ရ  ခဲ့ဖူးသလို
အနှစ်မပါအကာတွေလည်း  ရ  ခဲ့ဖူးမှာပါပဲ...။

ဘဝမှာ...
အကြိမ်ကြိမ် ပြုံးပျော်ခဲ့ရဖူးသလို
အကြိမ်ကြိမ်လည်း ရှုံးအော်ခဲ့ရဖူးမှာပါပဲ...။
ဘဝမှာ...
ငြိမ်းအေးတဲ့ကာလ ရခဲ့ဖူးသလို
ခါးသီးတဲ့ခဏလည်း ကြုံ ရဖူးမှာပါပဲ...။
. . .
. . .

ဆိုးလာတိုင်းလည်း ငိုအော်မနေနဲ့ 
ကောင်းလာတိုင်းလည်း ပိုမပျော်နဲ့
 ရင်ထဲမှာ မထား

ရာသီနဲ့ ရွေ့သွားပါစေတော့
 ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ 

ဒါတွေဟာ ပြီးသွားမှာပါ...။

ရှောင်လွှဲ မရနိုင်တဲ့  အမှန်တရားတစ်ခု မှာ
ငါ...
ရာသီစက်ဝန်းနဲ့                              
          ယွန်းနေဦးမှာပါပဲ...။
ဒါလည်း ...

တစ်နေ့တော့...

ပြီးသွားမှာပါ...။
ညလေးညို 










No comments:

Post a Comment