Tuesday, November 25, 2008

ကျိုင်းတုံမြို့

ကျိုင်းတုံမြို့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ မြို့တော်ဖြစ်ပါတယ်။

ကျိုင်းတုံမြို့ရဲ့ အထင်ကရဘုရားကြီးတွေကတော့
(၁) မဟာမြတ်မုနိဘုရားကြီး (ဒီဘုရားကြီးကို (၃)ခါဖူးရင် ကျိုင်းတုံမြို့ကို မဖြစ်မနေပြန်ရောက်တယ်လို့သိရပါတယ်။)


(၂) ရပ်တော်မူဘုရားကြီး

 ဒီပုံကတော့ ရပ်တော်မူဘုရားကြီးရဲ့ ပုံဖြစ်ပါတယ်။

အခြားထင်ရှားတဲ့အရာတွေကတော့ 
(၁) နောင်တုံကန် (ဒီကန်ကြီးဟာ မြို့လယ်မှာ တည်ရှိပါတယ်။ အင်မတန််လှပါတယ်။)

(၂)သစ်တစ်ပင် (ဒီကညင်ဖြူပင်ကြီး ကို အလောင်းဘုရား ဦးအောင်ဇေယျ စိုက်ခဲ့တာပါ) ကျိုင်းတုံမြို့ထဲဝင််လာတာနဲ့ သစ်တပင်တောင်နဲ့ ကညင်ဖြူပင်ကြီးကို တန်းမြင်ရမှာပါ။






နောက်ပြီးတော့ ကျိုင်းတုံမှာ ပင်းတောက်ရေတံခွန်ရှိသေးတယ်။ မြို့ရဲ့ မြောက်ဘက်မှာရှိတာပါ....
သွားရတာတော့တော်တော်ဝေးတယ်။
၁၉၉၉ ခုနှစ်တုန်းက ပင်းတောက်ရေတံခွန်ကို စပြီးရောက်ဖူးတာပါ။
ဝေးလွန်းပင်ပန်းလွန်းလို့ ကဗျာတစ်ပုဒ်တောင် စပ်လိုက်မိပါသေးတယ်။

"တစ်ခါတစ်ခေါက်သာ
လာရောက်ကာလည်ပါတော့
ကျိုင်းတုံမြို့ မြောက်ဖက်က
ပင်းတောက်ဆိုတဲ့
ရေတံခွန်ဆိုမှဖြင့်
တော်ပါပြီ နောက်တခါဆို
ကြောက်ကာလေ ဆလံပေးမိရဲ့
သွားတော့ပါဘူး "

ဒါပေမယ့် အခုနောက်ပိုင်းတော့ လမ်းတွေပိုကောင်းလာပါပြီ။ အဲဒီရေတံခွန်နားလောက်ထိကို ဆိုင်ကယ်နဲ့သွားလို့ရပါပြီ






1 comment:

  1. ပင်ပန်းတယ်ဆိုပေမဲ့သွားရကျိုးနပ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီရေတံခွန်ကိုရောက်ပြီဆိုရင်ဘယ်မှာမှရှာကြည့်လို့မရနိုင်တဲ့အလှတရားတွေနဲ့ပြည့်နှက်နေလို့လေအမောပြေပါတယ်...မယုံရင်ကိုယ်တိုင်သွားကြည့်လိုက်ပါအဲ့ဒီအခါမှအော်သူပြောတာနည်းနေသေးတယ်ဆိုပြီးအံ့သြသွားလိမ့်မယ်....လာဖြစ်အောင်လာခဲ့ကျနော်

    ReplyDelete